စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မုံရွာ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့် အခွန် အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အဝ ကောက်ခံရရှိ ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွား ကြရန်နှင့် နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့်စီးပွားရေး လုပ်ငန်းရှင်များအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးထားသည့်ငွေများကို ပြန်လည်ပေးဆပ်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်သွားကြရန် ဌာနဆိုင်ရာ တာဝန်ရှိသူများကို တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရငွေ ရရှိမှသာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲငွေများ သုံးစွဲနိုင်မည်ဖြစ် ကြောင်း၊ အခွန်ငွေများ ကောက်ခံရာတွင် အခက်အခဲများ ရှိမည်ဖြစ်သော်လည်း ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကြိုးပမ်းဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိအမှတ်ပြုကြောင်း၊ ဌာနများအနေဖြင့် ကောက်ခံ ရန် သက်မှတ်ပေးထားသည့် လျာထားချက်များကို ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ ရသင့်ရထိုက်သော အခွန်ငွေများကို တိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းများမှ လွတ် ကင်းလျော့နည်းမှု မရှိစေရန်နှင့် ပြည့်ပြည့်၀၀ ကောက်ခံရရှိနိုင်ရေး အလေးထား ဆောင် ရွက်သွားကြရန်လိုကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းညှိနှိုင်းအစည်းအဝေးတွင် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေး ကျန်များ အပြည့်အဝ ကောက်ခံရရှိရေး ဆိုင်ရာကိစ္စရပ်များနှင့် ဘတ်ဂျက်နှစ်အလိုက် ကောက်ခံရန်ကျန်၊ ကောက်ခံရရှိမှုနှင့် ဆက်လက်ကောက်ခံသွားမည့် အခြေအနေများကို လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မုံရွာခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင်တို့မှ တာဝန်ရှိသူများက ခရိုင်/မြို့နယ်များအတွင်း ရသင့်ရ ထိုက်သည့် အခွန်အခများနှင့် ချေးငွေကြွေးကျန်များ အပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်