မုံရွာ ဇူလိုင် ၁၅

 

အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP) အစီအစဉ်အရ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဝါနှင့် မတ်ပဲမျိုးစေ့များကို တောင်သူများသို့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၀၀ အတွက် ဝါမျိုးစေ့၊ မတ်ပဲမျိုးစေ့နှင့် သွင်းအားစုများကို ပေးအပ်ကြကာ ဒေသခံတောင်သူများက တောင်သူ ဦးအေးကျော်၏ ကွင်းအမှတ်- ၆၆၅ စိုက်ဧက လေးဧကအတွင်း မိုးနှောင်း ချည်မျှင်ရှည်ဝါ စနစ်တကျစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုကို အတူတကွကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)