မုံရွာ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့် အတူ ယနေ့ နံနက်ပိုင်းတွင် မိုးရာသီ၌ ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် မုံရွာမြို့ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး၊ ရေထိန်းတာပေါင်များကြံ့ခိုင်မှု၊ အမြန်ရေယာဉ်များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှုနှင့် ရေဝင်ရောက်နိုင်သည့် နေရာများကို သဲအိတ်များဖြင့် ကာရံထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ချင်းတွင်းမြစ် ရေကြီးချိန်ကာလအတွင်း သက်ဆိုင်ရာ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာပေါင်များ ကြံ့ခိုင်မှုရှိစေရေး၊ စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးတို့ကို မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


