စစ်တောင်းမြစ်ရေ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်လျက်ရှိ

နေပြည်တော် ၂၈ သြဂုတ်


၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ   စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


အကြံပြုချက်


သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်ထားသည်။


MDN