စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်

နေပြည်တော် ၁၃ စက်တင်ဘာ 


ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီ မိုးဇလမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှု အခြေအနေ သတင်းအရ သိရသည်။

 

1

 


အလားတူ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။


သို့ဖြစ်ပါ၍ မဒေါက်မြို့နှင့် ပဲခူးမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် မိုးဇလမှ အသိပေး နှိုးဆော်ထားသည်။


MDN