စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ(သစ်)၌ ဈေးဆိုင်တန်းများ မီးလောင်မှုဖြစ်

စစ်တွေ   ၁၂  မတ်

 

စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ ဒါးပိုင်ကျေးရွာ(သစ်)၌ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဈေးဆိုင်တန်းများ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

55

 

မီးလောင်ရာသို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသော်ဒါနှင့် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၂၀ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုသည်  ဒါးပိုင်ကျေးရွာသစ်နေ ဦးရော်ဖီး နေအိမ်ဈေးဆိုင်၌ ဇနီးဖြစ်သူမှ နေအိမ်နောက်တွင် ထင်းဖြင့် ထမင်းချက်ရာ မီးစလွှင့်ပြီး ဓာတ်ဆီပီပါသို့ မီးကူးစက်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

 

မီးလောင်မှုကြောင် ၅ ပေပတ်လည် သွပ်ကာမြေစိုက် ဆိုင်ခန်း ၉ ခန်းနှင့်  ၁၀ ပေပတ်လည် ဝါးကြမ်းခင်း ထရံကာ လူနေတန်းလျား ၇ ခန်းနှင့် ဖြိုဖျက်ဆဲဆိုင်ခန်း ၂ ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများ ယာယီတဲများတွင် နေထိုင်လျက်ရှိပြီး မီးလောင်မှုဖြစ်စဉ်အား စစ်တွေ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)