နေပြည်တော် ဇွန် ၉
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်မြေခံတပ်များမှ အထူးဆေးအဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့များနှင့် ကျန်းမာရေး ဦးစီးဌာနများမှ ကျန်းမာရေးဝန်ထမ်းများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းသင့်ဒေသများမှ ဒေသခံပြည်သူများအား မြို့နယ်အလိုက် သတ်မှတ်နေရာများတွင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များမှသမားတော်များ၊ အထူးကုများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော အထူး ဆေးကုသရေးအဖွဲ့က စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာ၌ အဆိုပါ ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မုန်တိုင်းသင့်ဒေသခံ ပြည်သူများအား သွေးတိုးရောဂါ၊ ဝမ်းပျက်/ဝမ်းလျှောရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးသည်။ ထိုသို့ဆောင်ရွက်ပေး နေမှုများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ပြီး လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေး အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ SKY NET မိသားစု၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် MLCA၊ MLCP အများပိုင်ကုမ္ပဏီ လီမိတက်၊ မြန်မာ- အိန္ဒိယ - တရုတ် ချစ်ကြည်ရေးနှင့် စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA)နှင့် ဘာသာစုံ မိတ်ဆွေများမှ ရက် ၃၀ စတုဒိသာ အလှူတော်အစီ အစဉ်ဖြင့် ချက်ပြုတ်လှူဒါန်းသော သီးစုံဒံပေါက် ထမင်းဘူးများအား ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်