စစ်တွေမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

စစ်တွေ ၁၃   မေ 

 

စစ်တွေမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအား မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် စစ်တွေမြို့နယ် ဘဏ်ခွဲ၌ ကျင်းပသည်။

 

ချေးငွေထုတ်ချေးခြင်း အခမ်းအနားတွင် ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအေးသိန်းက ၂၀၁၈-၁၉ ခု ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အတွင်းရှိတောင်သူများအား မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးခဲ့မှုအခြေအနေနှင့် ကောက်ခံရရှိမှုအခြေအနေများ၊ ချေးငွေကောက်ခံရာတွင် အားနည်းချက်အားသာချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စစ်တွေမြို့နယ် ဘဏ်မန်ခွဲမန်နေဂျာ ဦးကျန်ကြီးက  ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရန် လျာထားချက်နှင့် ချေးငွေကောက်ခံရရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ 

 

ယနေ့ စစ်တွေမြို့နယ်ဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် စတင်ထုတ်ချေးသည့်နေ့တွင် အောင်တိုင်ကျေးရွာအုပ်စုနှင့် နာရီကန်ကျေးရွာအုပ်စုတို့မှ လယ်သမား ၁၃၈ ဦးတို့အား လယ်ဧက ၇၂၂ ဧကအတွက် ကျပ်သိန်းပေါင်း ၁၀၈၃၀ဝ၀ဝ၀ သိန်းကို ထုတ်ချေးပေး လျှက်ရှိကြောင်း သိရသည်။ 

 

တင်ထွန်း(ပြန်/ဆက်)

 

ge _DSC