စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူးခြင်း အခမ်းအနားကျင်းပ

စစ်တွေ   ဇွန်   ၇

 

စစ်တွေမြို့ပေါ် ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင် ဖြန့်ဖြူးခြင်းအခမ်းအနားကို ယနေ့ ညပိုင်းတွင် စစ်တွေမြို့ ၆၆/၁၁ ကေဗွီ စစ်တွေဓာတ်အားခွဲရုံ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊            ဒေါက်တာ သက်သက်ခိုင်၊   ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊      လျှပ်စစ်စွမ်းအား
ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၁၁ ကေဗွီ မေယု(၁)  ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က မေယု(၂)  ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က    မေယု(၃) ဓာတ်အားလိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးထိန်လင်းက မေယု(၄) ဓာတ်အားလိုင်းတို့ကို    စက်ခလုတ်နှိပ်၍    ဓာတ်အားပို့လွှတ်ပေးကြသည်။

 

မုန်တိုင်းအလွန်ကာလ ဓာတ်အားဖြန့်ဖြူးမှု ပထမအဆင့်အနေဖြင့် ယနေ့ညပိုင်းတွင် စစ်တွေမြို့နှင့်ပုဏ္ဏားကျွန်းမြို့ရှိ ပြည်သူများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများ ဝမ်းမြောက် ဝမ်းသာဖြစ်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်