စစ်တွေမြို့ရှိ  ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသွေးလှူဒါန်း

စစ်တွေ မေ ၂

 

(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ  ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသူ လူနာများအား သွေးလိုအပ်မှု မရှိစေရေးအတွက် စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ စုပေါင်းသွေးလှူခဲ့ကြသည်။

 

ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူရှင် ၁၂၅ ဦးအား သွေးလှူဒါန်းနိုင်ရန်အတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးစားခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်ကြသည်။

 

ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုကို တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြကြောင်း သိရသည်။

 

ဝင်းမင်းစိုး(ပြန်/ဆက်)