စေတုတ္တရာ စည်ပင်သာယာဈေး၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် ကျန်းမာရေး အသိပညာပေး

စေတုတ္တရာ  ၂၈  ဇူလိုင်

ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးလှုပ်ရှားမှုကို မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ စည်ပင်သာယာဈေးတွင် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

1

 

ထိုသို့ ဆောင်ရွက်ရာတွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၏ ဆိုးကျိုးများ အသိပညာပေး ဟောပြောခြင်း၊ ဈေးသူ ဈေးသားများအား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုး အသုံးပြုမှု လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

04

 

ထို့နောက် မြို့နယ် ကုသရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာ ဒေါ်သန်းသန်းချစ်မှ ရာသီတုပ်ကွေးအကြောင်း သိကောင်းစရာများနှင့် H1N1 ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)