စေတုတ္တရာမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်လျက်ရှိ

စေတုတ္တရာ ဇန်နဝါရီ ၂၆

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊‌‌ စေတုတ္တရာမြို့နယ်အတွင်း တပွင်ကျေးရွာနှင့် ဘူးကျေးရွာတို့၌ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာနှစ်အတွင်း  ပြည်ထောင်စုရန်ပုံငွေ ၆၅ ဒသမ ၆၇ သန်းဖြင့် တင်ဒါအောင်မြင်သော စေတုတ္တရာ ချင်းတိုင်းရင်းသားဖွံ့ဖြိုးရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေကို မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းနှင့် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဇော်ထွန်းနှင့် အဖွဲ့တို့က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ကုမ္ပဏီတာဝန်ခံ၊ ကုန်ထုတ်လမ်း ကော်မတီဝင်များနှင့်အတူ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီက မြေပြင်ကွင်းဆင်း၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေး ဆွေးနွေးမှာကြားခဲ့သည်။

 

တပွင်ကျေးရွာတွင် မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း လမ်းအရှည် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု  ၁ ပေ ၉ လက်မနှင့် ဘူးကျေးရွာတွင် မြေနီကျောက်စရခင်ခင်းခြင်းလုပ်ငန်း လမ်းအရှည် ၁ မိုင် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု  ၉ လက်မဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်း ဖောက်လုပ်ပြီးစီးပါက   အိမ်ခြေ (၃၅၄)၊ လူဦးရေ(၅၄၀)တို့၏ စိုက်ပျိုးမြေဧက ၅၆၂ ဧကကျော် အကျိုးပြုမည်ဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးသိန်းဇော်ထွန်းထံမှ သိရသည်။

 

ဇင်မာဦး