စေတုတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

စေတုတ္တရာ မေ ၂၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ငဖဲ - စေတုတ္တရာ ကားလမ်း ရိုးချောင်းတံတားအနီးတွင် သစ်ပင်များဖြင့် စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစွမ်းထက်ကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

သစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက စိုက်ပျိုးမည့်အပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာသူများထံ ပေးအပ်ပြီး တက်ရောက်လာသူအားလုံး စုပေါင်းကာ ကျွန်းပင် (၆၀၀)၊ မယ်ဇလီ (၁၀၀)၊ ဗန်ဒါ (၂၅)၊ ကုက္ကိုလ် (၂၅)ပင် စုစုပေါင်း ပျိုးပင် (၇၅၀)အား စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ဆန်းကိုကို(ပြန်/ဆက်)