စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

စေတုတ္တရာ ၁၂ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မြို့နယ်အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်၇နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

 ရှေ့ဦးစွာ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝင်းကိုကို ဦးဆောင်၍ နိုင်ငံတော်အလံအလေးပြုခြင်းကို ဆောင်ရွက်ရာ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က နိုင်ငံတာ်အလံအား စုပေါင်းညီညာစွာ အလေးပြုကြသည်။

 

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၄ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သိရသည်။

 

ထို့နောက် အခမ်းအနားတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပါဝင်ယှဉ်ပြိုင်ရာတွင် ဆုရရှိကြသော အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများ၌ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဌာနဆိုင်ရာအကြီးအကဲများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဝင်းအိမွန်(ပြန်/ဆက်)