စေတုတ္တရာမြို့နယ်တွင်  တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် အခြေခံဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲ ကျင်းပ

စေတုတ္တရာ ၃ ဇွန်    
    
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အသက်မွေးဝမ်းကြောင်း မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ အပိုဝင်ငွေများ ရရှိနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် အခြေခံဆိုင်ကယ်ပြင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စေတုတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

 

05


    
ရှေဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဗိုလ်မှ သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်းဖွင့်လှစ်မှုကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက သင်တန်းသား/သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 

 

06


    
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်း၊ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းဗိုလ်၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီး တန်းဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၇)ရက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ အခြေခံဆိုင်ကယ်ပြင်သင်တန်းကိုမူ ရက်(၂၀) ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

စည်သူလွင်(ပြန်/ဆက်)

 

07