ဆာဘီးယား ကျန်းမာရေးဝန်ကြီး Sinopharm ကာကွယ်ဆေး ထိုးနှံမှုခံယူ

၂၀ ဇန်နဝါရီ

 

 

ဆာဘီးယား ကျန်းမာရေး ဝန်ကြီးဖြစ်သူ ဇလာတီဘာ လူကာသည် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကို ယမန်နေ့က ထိုးနှံခဲ့ပြီးနောက် ဆာဘီးယားနိုင်ငံတွင် ပထမဆုံး ကာကွယ်ဆေး ထိုးနှံခံသူ ဖြစ်လာခဲ့သည်။

 

 

ကာကွယ်ဆေး ထိုးပြီးနောက် လူကာက နိုင်ငံသားများအား ကာကွယ်ဆေး ထိုးကြရန်နှင့် ကိုဗစ်-၁၉ တိုက်ဖျက်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်းက အကောင်းဆုံးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

တရုတ်ကာကွယ်ဆေးဖြစ်သည့် Sinopharm သည် Pfizer-BioNtech နှင့် Sputnik V တို့ပြီးလျှင် ဆာဘီးယားနိုင်ငံတွင် တတိယမြောက် မှတ်ပုံတင်ထားသည့် ကာကွယ်ဆေးဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

 

 

Sinopharm ကာကွယ်ဆေး တစ်သန်းသည် ပြီးခဲ့သည့် စနေနေ့က ဆာဘီးယားနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတ အဲလက်ကန်ဒါ ဗီစီက လေဆိပ်မှ စောင့်ကြိုခဲ့သည်။

 

 

ဆာဘီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၇၅၇၉၉ ဉီးရှိခဲ့ပြီး သေဆုံးသူပေါင်း ၃၇၉၁ ဉီး ရှိခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

mdn