ဆားလင်းကြီးမြို့နယ်၌ ကာကွယ်ဆေး (Sinophram) ဒုတိယအသုတ်တွင် ပထမအကြိမ် လူဦးရေ ၆၀၀၀ အား ထိုးနှံပေးပြီးဖြစ်

ဆားလင်းကြီး စက်တင်ဘာ  ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၀ ရက်မှ စတင်ထိုးနှံပေးခဲ့ရာ စက်တင်ဘာ ၂၉ ရက်အထိ လူဦးရေ ၆၀၀၀ အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆားလင်းကြီးမြို့နယ်တွင် ဆေးထိုးသတ်မှတ်စုရပ် နေရာများ၌ ဦးစားပေး အုပ်စုများအလိုက် အသက် (၆၅) နှစ်နှင့်အထက် (၂၁၈) ဦး၊ အသက် (၅၅) နှစ်မှ အသက် (၆၄) နှစ်အထိ (၁၄၅၂) ဦး၊  မသန်စွမ်းသူ () ဦး၊ Volunteer () ဦး၊ ရဟန်သံဃာ၊ သီလရှင် (၃၈) ဦး၊  နိုင်ငံ့ဝန်ထမ်း (၁၂၇) ဦး၊ အကျဉ်းသားအချုပ်သား () ဦး၊ Super Market နှင့် စျေးများမှ အများပြည်သူ (၄၁၅၂) ဦး စုစုပေါင်း (၆၀၀၀) အား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံရန် ဆားလင်းကြီးမြို့နယ်အတွက် ဒုတိယအသုတ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ဆေးအလုံးရေ (၁၂၀၀) လုံးရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ () ဦးနှုန်းထိုးနှံနိုင်ပြီး လူဦးရေ (၆၀၀၀) အား အောင်မြင်စွာ ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) ထိုးနှံပြီးသူများအား (၂၈) ရက်အကြာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophran) အား ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

 

ဆားလင်းကြီး (ပြန်/ဆက်)