ဆော်ဒီရေနံချက် စက်ရုံများ တိုက်ခိုက်ခံရမှုအတွက် ပတ်သက်မှုမရှိဟု ရိုဟာနီ ငြင်းဆို

ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံချက်စက်ရုံများ နောက်တစ်ကြိမ် တိုက်ခိုက်မှုတွင် အီရန်နိုင်ငံမှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ငြင်းဆိုခဲ့သည်။


အမေရိကန်နိုင်ငံ၏  စွပ်စွဲချက်များမှာ အခြေအမြစ်မရှိကြောင်း ယမန့်နေ့က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးအတွင်း  ရိုဟာနီက ပြောကြားခဲ့သည်။


စနေ့နေ့က တိုက်ခိုက်ခဲ့သည့် မောင်းသူမဲ့ လေယာဉ်၏ တိုက်ခိုက်မှု နောက်ကွယ်တွင် အီရန်နိုင်ငံရှိကြောင်း အမေရိကန်နိုင်ငံက ရိုးတိုးရိပ်တိပ် ပြောခဲ့သည်။


အီရန်နိုင်ငံအား အပြစ်များ ပုံချပြီး ဖိအားပေးရန် အမေရိကန်နိုင်ငံက စီစဉ်နေကြောင်း ရိုဟာနီက ဆိုသည်။


ဒေသအတွင်း၌ ပဋိပက္ခဖြစ်ပွားမှုကို  အီရန်နိုင်ငံ အနေဖြင့်  အလိုမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

1