ဆော်ဒီသတင်းထောက်သတ်သူ ငါးဉီးအား သေဒဏ်ချမျတ်

၂၄ ဒီဇင်ဘာ

ပြီးခဲ့သည့်နှစ်အတွင်းက တူရကီနိုင်ငံတွင် ဆော်ဒီကောင်စစ်ဝန်ရုံး၌ အသတ်ခံခဲ့ရသည့် ဆော်ဒီသတင်းထောက် ဂျာမယ်ခါရှော့ဂီကို သတ်သည့်အမှုဖြင့် လူငါးဉီးကို ဆော်ဒီအာရေဗျတရားရုံးက သေဒဏ်ချမှတ်လိုက်သည်။ 

 

cp1

 

ရိယာဒ်မြို့ရှိ တရားရုံးက တရားခံငါးဉီးသည် သတင်းထောက်အသတ်ခံရမှုနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ယမန်နေ့က ဆော်ဒီနိုင်ငံ၏ အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

 

96392

 

အဆိုပါ အမှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရသူများ၏ အမည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။  

ပြီးခဲ့သည့်နှစ်အောက်တိုဘာလ အတွင်းက ခါရှော့ဂီအားသတ်မှုဖြင့် ပတ်သက်၍ တရားစွဲခံရသူ ၁၁ ဉီးထဲတွင် ၎င်းတို့လည်း ပါဝင်သည်။ 

ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆလမ်လည်း သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံရသော်လည်း သတ်ဖြတ်မှုတွင် ပါဝင်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ 

အစိုးရရှေ့နေ့များကမူ အိမ်ရှေ့မင်းသားနှင့် အနီးကပ်လက်ထောက်နှစ်ဉီးအား သက်သေအထောက်မရှိကြောင်း ငြင်းဆိုခဲ့သည်။ 

ဆော်ဒီအစိုးရက အဆိုပါ ကိစ္စကို စောစောစီးစီး အဆုံးသတ်ရန် စိတ်အားထက်သန်နေပုံရသည်   ဆော်ဒီရုံးတွင် စစ်ဆေးမှုမှာ ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်ကြောင်း ကုလသမဂ္ဂက မေးခွန်းထုတ်ခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်