ဆော်ဒီတိုက်ခိုက်မှုများအတွက် အီရန်တွင် တာဝန်ရှိကြောင်း ပွန်ပီယိုပြော

၂၀ စက်တင်ဘာ


ဆော်ဒီအာရေဗျ နိုင်ငံရှိ ရေနံချက် စက်ရုံများကို စက်တင်ဘာလ ၁၄ ရက်နေ့အတွင်း တိုက်ခိုက်ခံရမှုအပေါ် အီရန်နိုင်ငံတွင် တာဝန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောကြားသည်။


တိုက်ခိုက်ခံရမှုကို စုံစမ်းရန်အတွက် အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အဆိုပါ မှတ်ချက်စကားကို ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စတွင် တာဝန်မရှိကြောင်း တီဟီရန်က ငြင်းဆိုထားသည်။


ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ပြီးနောက် ယူအေအီးနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ပွန်ပီယိုက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။


အမေရိကန်ပြည်ထောင်စုက ငြိမ်းချမ်းရေးကို လိုလားပါကြောင်း သို့သော်လည်း ဝါရှင်တန် အနေဖြင့် အီရန်နိုင်ငံအပေါ် အရေးယူမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


တီဟီရန်ဘက်ကမူ အဆိုပါ စွပ်စွဲချက်ကို ထပ်တလဲလဲ ပယ်ချခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများမှာ ၄င်းတို့၏လက်ချက်ဖြစ်ကြောင်း ယီမင်နိုင်ငံ အတွင်းရှိ အီရန်ကျောထောက်နောက်ခံ ပြုထားသည့် အစွန်းရောက် ဟွတ်သီသူပုန်အဖွဲ့က ပြောဆိုလိုက်သည်။


အမေရိကန် သို့မဟုတ် ဆော်ဒီစစ်တပ်သည် တိုင်းပြည်အပေါ် ဒဏ်ခတ် ပိတ်ဆို့ခဲ့လျှင် အကျိုးဆက် အနေဖြင့် အကုန်လုံး စစ်တိုက်ရန်ရှိကြောင်း CNN နှင့် ကြာသပတေးနေ့က တွေ့ဆုံမှုအတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာဖရီက ပြောကြားခဲ့သည်။


ဆော်ဒီအာရေဗျ တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် ကုလသမဂ္ဂက စီစဉ်နေသည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့များနှင့်အတူ ပူးပေါင်းပြီး ဆောင်ရွက်မည်ဟု ဆော်ဒီအစိုးရက ပြောကြားခဲ့သည်။


ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

1