ဆောက်လက်စ အဆောက်အဦပြိုကျရာ အသက်ရှင်မယ့်သူ မတွေ့နိုင်တော့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ပြောကြား

၂၄ ဇွန်

 


ကမ်ဘောဒီးယားနိုင်ငံ သီယာနူခ်ဗီး ရှိ တရုတ်ရင်းနှီးမြုပ်မှုဖြစ်တဲ့ ဆောက်လက်စ အဆောက်အဦပြိုကျရာ အသက်ရှင်မယ့်သူ မတွေ့နိုင်တော့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ 

 

ကမ်းခြေမြို့ဖြစ်တဲ့ သီယာနူခ်ဗီးရှိ ဆောက်လုပ်လက်စ အဆောက်အဦတစ်ဦး စနေနေ့မနက်အစောပိုင်းက ပြိုကျမှုကြောင့် လူပေါင်း ၂၄ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီနေရာကို ဝန်ကြီးချုပ် ဟူဆန် ဒီကနေ့ လာရောက်ကြည့်ရှုခဲ့ပါတယ်။ 

 

အရင်က တံငါရွာလေးဖြစ်တဲ့ သီယာနူခ်ဗီး ရွာရှိ  ဒါဇင်နဲ့ချီတဲ့ ကက်စီနိုကစားရုံတွေကို ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်ပြီးနောက်ပိုင်း တရုတ်ကုမ္ပဏီတွေက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပိုမိုရင်းနှီးမြှပ်နှံလာတာ ဖြစ်ပါတယ်။ 

 

အဆောက်အအုံပြိုကျမှုနဲ့ ပတ်သတ်ပြီး တရုတ်နိုင်ငံသား ၃ ဦးနဲ့ ကမ်ဘောဒီယားမြေပိုင်ရှင် ၁ ဦး တို့ကို စစ်ဆေးနေပါတယ်။ ဝန်ကြီးချုပ် ဟူဆမ်ကလည်း ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

၂၀၁၆-၁၈ ခုနှစ်အတွင်း ဖရီချ်သီဟာနူဒေသမှာ တရုတ်ရဲ့ရင်းနှီးမြှပ်နှံမှုဟာ အမေရိကန် ၁ ဘီလီယံ နီးပါးရှိပါတယ်။ အဆောက်အအုံပြိုကျရာ သီဟာနူခ်ဗီးမှာ တရုတ်ပိုင် ကက်စီနိုကစားရုံ ၅၀ နဲ့ ဒါဇင်ချီတဲ့ ဟိုတယ်တွေလည်း ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP