ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် China Harbour Engineering Co.,Ltd. တို့ “ဝ” တစ်လုံး ဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်တန်စွမ်းလေ့လာဆန်းစစ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)  လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၈

 

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် China Harbour Engineering Co.,Ltd. တို့ “ဝ”တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်းဖြစ်တန်စွမ်းလေ့လာဆန်းစစ်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီတွင် အဆိုပါ ဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ တာဝန်ရှိသူများ၊ China Harbour Engineering Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်က အမှာစကား ပြောကြားပြီး China Harbour Engineering Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာ က  ဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် China Harbour Engineering Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာတို့က “ဝ” တစ်လုံးဥမင်လိုဏ်ခေါင်း စီမံကိန်းဖြစ်တန်စွမ်း လေ့လာဆန်းစစ်ခြင်း ဆိုင်ရာ နားလည်မှုစာချွန်လွှာတွင်(MOU) လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

(သတင်းစဉ်)