ဆောမြို့နယ်၌ တောမီးလောင်ရာမှတစ်ဆင့် လူနေအိမ် ၁၃ လုံး မီးလောင်

နေပြည်တော် ၂၂ မတ်

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ပေါက်ချောင်းကျေးရွာအနီး၌ မတ် ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် တောမီးလောင်ရာမှတစ်ဆင့် လူနေအိမ် ၁၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၆ နာရီခွဲ့ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
 
မီးလောင်မှုကြောင့် လူနေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

(ရဲပြန်ကြား)