ဆေးကုမ္ပဏီ Pfizer က ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအကြောင်း ထုတ်ပြန်တဲ့နေ့မှာ ၅ ဒသမ ၆ သန်းဖိုး ရောင်းချခဲ့ကြောင်း ထုတ်ပြန်

၁၂ နိုဝင်ဘာ

 

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer က သူတို့ထုတ်လုပ်မယ့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ကြေညာခဲ့တဲ့ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်းဖိုး ရောင်းချခဲ့ကြောင်း Pfizerက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

 

ကာကွယ်ဆေးဟာ ဆိုင်ပေါ်ရောက်လာရင် ဆေးဈေးတစ်မျိုးဖြစ်လာမှာဖြစ်ပြီး အခုရောင်းချတဲ့ဈေးဟာ ကြိုတင်မှာယူတဲ့အနေနဲ့ ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောပါတယ်။

 

တနင်္လာနေ့မှာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၃၂,၅၀၈ အား ရောင်းချရာ ရှယ်ယာတစ်ခုကို ၄၁ ဒသမ ၉၄ ဒေါ်လာနဲ့ ရောင်းချခဲ့ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့ ဒုဉက္ကဋ္ဌက ရှယ်ယာ ၄၃,၆၆၂ ခု သို့မဟုတ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း နီးပါးရောင်းချခဲ့ပါတယ်။

 

ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Pfizer ရဲ့ ရှယ်ယာဈေးဟာ ၇ ရာခိုင်နှုန်းကျော် မြင့်တက်သွားရာ တနင်္လာနေ့မှာ ၁၅ ရာခိုင်နှုန်းအထိ တက်သွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ Pfizer နဲ့ BioNTech တို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း တနင်္လာနေ့မှာ ထုတ်ဖော်ပြောကြားပါတယ်။

 

MDN

ကိုးကား- AFP