ဆေးတက္ကသိုလ်(၂)ရန်ကုန် အထူးကုဆရာဝန်ကြီးများက အိမ်မဲမြို့နယ်အတွင်း လူနာများအား အခမဲ့ဆေးဝါးကုသပေး

အိမ်မဲ  ၂   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ တွင် ဆေးတက္ကသိုလ်(၂)ရန်ကုန် အထူးကုဆရာဝန်ကြီးများနှင့် အိမ်မဲမြို့နယ်သူ/နယ်သားများ ပူးပေါင်း၍(တတိယအကြိမ်မြောက်)အခမဲ့ ဆေးဝါးကုသပေးခြင်းကိုနိုဝင်ဘာလ ၂ ရက် နံနက် ၈နာရီကစတင်၍ကုသပေးနေကြောင်း သိရသည်။

 

36

 

ကုသပေးသည့်ရောဂါများမှာ အထွေထွေရောဂါ၊ကလေး၊အရေပြား၊သွားနှင့်ခံတွင်း၊နားနှာခေါင်း လည်ချောင်း၊အရိုးအကြော၊ စိတ်ကျန်းမာရေး၊သား ဖွားနှင့်မီးယပ်၊ အထွေထွေခွဲစိတ်၊ တိုင်းရင်းဆေးတို့ဖြစ်ကြပြီး လူနာများအားမြို့နယ်ပြည်သူ့ဆေးရုံနှင့် အထက(၁)ကျောင်းတို့တွင် နှစ်နေရာခွဲ၍ အခမဲ့ကုသပေးနေကြောင်းနှင့်လူနာ ၂၀၀၀ ကျော် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)