နေပြည်တော်၊ အောက်တိုဘာ  ၂

ကျန်းမာရေးဝန်ကြီးဌာန ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ (၂၀၂၄) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။

ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်အသင်းနှင့် ဆေးတက္ကသိုလ် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ဆေးတက္ကသိုလ် မကွေးအသင်းက (၂) ဂိုး (၄) ဂိုး ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကာ နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု၊ နှစ်သိမ့်ဆု၊ တတိယဆုများ ရရှိသူများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက   ငွေသားဆုများပေး အပ်ချီးမြှင့်ကြသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဒုတိယဆုရရှိသည့် အသင်းကို ဆုတံဆိပ်နှင့် ငွေသားဆုကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပထမဆုရရှိသည့် အသင်းကို ကျန်းမာရေးဝန်ကြီးဌာန တံခွန်စိုက်ဖလားနှင့် ငွေသားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်