ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ကျိုင်းတုံ၊ မိုင်းခတ်နှင့် ငဖဲမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၂၃ ဇန်နဝါရီ 


ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၃၀)ဧကအား ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၂၂ ရက်တွင် ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။  


အလားတူ ဟိုပုံးမြို့နယ်၊ ဟွေလုံကျေးရွာ၌ ဘိန်းစိုက်ခင်း (၁၅)ဧကခန့်၊ ပင်လောင်းမြို့နယ်၊ မီးခြစ်ကျောက်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၉)ဧကခန့်၊ ကျိုင်းတုံမြို့နယ်၊ နမ့်ပုံ “ဝ” ကျေးရွာ၌ ဘိန်းစိုက်ခင်း ၆ ဧကခန့်၊ မိုင်းခတ်မြို့နယ်၊ ဖဖေ့ကျေးရွာ၌ ဘိန်းစိုက်ခင်း (၄)ဧကခန့်၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာပါ (၂)ရွာ၌ ဘိန်းစိုက်ခင်း (၆)ဧကခန့်တို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN