ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများအားဖျက်ဆီး

နေပြည်တော် ၁၄  ဇန်နဝါရီ 

 

ဆီဆိုင်မြို့နယ်၊ ပန်အွန်းကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ၌ ဇန်နဝါရီ ၁၃ ရက်က အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁၈)ဧကအား ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး တင်ဝင်းအောင် ဦးစီး ပူးပေါင်းအဖွဲ့မှ လည်ကောင်း၊  ဟိုပုံးမြို့နယ်၊ ရုပ်ပေးကျေးရွာ၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၇)ဧကအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ကလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN