ဆီဆိုင်၊ ဟိုပုံးနှင့် ကျိုင်းတုံမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၂၂ ဇန်နဝါရီ 

 

ဆီဆိုင်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၉)ဧကအား ဇန်နဝါရီ ၂၁ ရက်တွင်  ဆီဆိုင်မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးသီဟန် ဦးစီးပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ဟိုပုံးမြို့နယ်၊ ဖက်ရမ်းကျေးရွာ၌ အမြင့်(၃)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၈)ဧက၊ ကျိုင်းတုံမြို့နယ်၊ နောင်ဆုန်(၂)ကျေးရွာ၌ အမြင့်(၂)ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၂ ဒသမ ၅)ဧကတို့အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN