ဆီဆိုင်၊ ဟိုပုံးနှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းခင်းများ တွေ့ရှိဖျက်ဆီး

နေပြည်တော် ၁၇ ဇန်နဝါရီ 


ဆီဆိုင်မြို့နယ်၊ ပန်အွန်းကျေးရွာတောင်ဘက် ၂ မိုင်ခန့်အကွာ၌ ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၆ ရက်တွင် အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၅)ဧကခန့်အား တွေ့ရှိဖျက်ဆီး ရှင်းလင်းခဲ့သည်။ 


အလားတူ ဟိုပုံးမြို့နယ် ဒုံလိတန်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၂၆)ဧကခန့်နှင့် မိုင်းပျဉ်းမြို့နယ် ပန်တားလေး ကျေးရွာအနီး၌ ဘိန်းစိုက်ခင်း (၈)ဧကခန့်ကိုလည်း ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


MDN