ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော် ၂၀  ဇန်နဝါရီ 

 

ဆီဆိုင်မြို့နယ်၊ ပန်အွန်းကျေးရွာ အရှေ့တောင်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့်(၂)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၈ ဧက အား ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီက ဖျက်ဆီးခဲ့သည်။ 

 

ထို့အတူ ဟိုပုံးမြို့နယ်၊ ဒုလီတန်ကျေးရွာ၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၇ ဧက၊ ပင်လောင်းမြို့နယ်၊ တပ်အုံကျေးရွာ၌ အမြင့်(၂)ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း ၃ ဒသမ ၅ ဧက ကိုလည်း ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN