ဆီဆိုင်မြို့၌ လမ်းမီးများ ပြန်လည်ရရှိ

 

ဆီဆိုင် မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသလုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လမ်းမီးများ ပြန်လည်ထွန်းလင်းနေပြီဖြစ်ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ဆီဆိုင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်း ကြိုးဆက်ခြင်းလုပ်ငန်းများနှင့် ထရန်စဖော်မာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မြို့ပေါ်ရှိ လမ်းများတွင် လျှပ်စစ်မီး ပြန်လည်ထွန်းလင်းနေပြီဖြစ်သည်။ ဆက်လက်၍ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်ရှိ နေအိမ်များအား လျှပ်စီးမီး ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်မီးကြိုး သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများပြီးစီးပါက ဒေသခံပြည်သူများ လျှပ်စစ်မီး ပြန်လည်ရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

နေမင်း(ဆီဆိုင်)