ဆီဆိုင်မြို့နယ်ရှိ ရေထိန်းတံခါးနှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဆီဆိုင် ၁၇ မေ    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာအုပ်စုနှင့် တဘက်ကျေးရွာအုပ်စုအတွင်းရှိ နမ့်တဘက်ချောင်းမကြီးကို အခြေခံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မကောက်ရေထိန်းတံခါးနှင့် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် နောင်စကာရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်း လုပ်ငန်းများအား မေ ၁၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြို့နယ်အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေး စစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိများဖြစ်သည့် ဦးခွန်စိန်မင်း၊ ဦးအောင်ရဲထွန်း၊ တဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းကော်ခမ်းနှင့် ဒေသခံပြည်သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် ကုန်းဆွတ်ကျေးရွာအုပ်စု၊ မကောက်ရေထိန်းတံခါးနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို တူးမြောင်းအရှည်မှာ ပေ ၅၀ဝ၀၊ တူးမြောင်းအောက်ခြေအကျယ် ၆ ပေ၊ တူးမြောင်းအမြင့် ၅ ပေ၊ တူးမြောင်းအဆောက်အဦး ၆ ခုဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သိန်းပေါင်း ၁၅၆၀ ကျပ်ဖြင့် မကောက်အရှေ့ကျေးရွာနှင့် မကောက်အနောက်ကျေးရွာတို့မှ အိမ်ခြေ ၁၄၃ အတွက် တောင်သူအကျိုးပြု ဧက ၄၀ဝ  ခန့်ကို လည်းကောင်း၊ ဆီဆိုင်-စံကားလမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ တဘက်ကျေးရွာအုပ်စု၊ နောင်စကာရေလွှဲဆည် ဆည်ရေသောက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို တူးမြောင်းအရှည်မှာ ပေ ၃၀ဝ၀၊ တူးမြောင်းအဆောက်အဦ (၂)ခုဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၅၀ ဖြင့် ကျေးရွာ(၉)ရွာတို့မှ အိမ်ခြေ (၄၅၀)ခန့်အတွက် တောင်သူအကျိုးပြု ဧက ၁၂၀ဝ ကျော်ခန့်ရှိကြောင်း သိရသည်။ 

 

ခွန်ရဲထွေး(ဆီဆိုင်)

 

DSC0