ဆီဆိုင်မြို့နယ်သို့ ခေတ္တရောက်ရှိနေသည့် နေရပ်စွန့်ခွာ ကလေးငယ်များကို ကျောင်းစာပေများ သင်ကြားပေးလျက်ရှိ

ဆီဆိုင်   ဇန်နဝါရီ   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကယားပြည်နယ်မှ ခေတ္တ ခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ မူလတန်းအဆင့် ကလေးငယ်များကို စေတနာ့ ဝန်ထမ်းများက ပညာသင်ကြားပေးလျက်ရှိသည်။

ဆီဆိုင်မြို့နယ်တွင် နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ၊ မွေတော်ဘုရားဓမ္မာရုံ၌ ခေတ္တခိုလုံ ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ မူလတန်းအဆင့် ကလေးငယ် ၉၀ ခန့်ကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ဘဝတွက်တာ၊ ဂီတ စသည့် ဘာသာရပ်များကို ဆရာမ လေးဦးဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ သင်ကြားပေးလျက်ရှိပြီး အလယ်တန်းအဆင့် Grade-7နှင့် Grade-8 မှ ကျောင်းသား၊ ကျောင်းသူများကိုလည်း သင်ကြားပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ခံ ဦးဆန်းဖေထံမှ သိရသည်။

မျိုးမြတ်(ဆီဆိုင်)