ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင် ၄ ဇူလိုင်    

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

 

ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မှေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကိုလည်းကောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ပိုလီယိုကာကွယ်ဆေး မထိုးရသေးသည့် ကလေးများကိုလည်း ပိုလီယိုကာကွယ်ဆေး ပြန်လည်ထိုးနှံပေးခဲ့ကြောင်း၊ ကျန်းမာရေးအသိပညာ ဗဟုသုတများကိုလည်း ဟောပြောပေးခဲ့ကြောင်း မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်စန်းဘီးထူးထံမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)