ဆွီဒင်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများ အခမ်းအနားများတက်ရောက်ခွင့်ရရှိ

စတော့ဟုမ်း နိုဝင်ဘာ ၁၉

ဆွီဒင်နိုင်ငံသားများသည်နိုင်ငံအတွင်း၌ လူ ၁၀၀ နှင့်အထက် တက်ရောက်မည့် အခမ်းအနားများသို့ တက်ရောက်ခွင့်ရရှိရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း ဆေးလက်မှတ်ကို တင်ပြရမည်ဖြစ်ကြောင်း အစိုးရက ယမန်နေ့တွင် ပြောကြားသည်။

ဒီဇင်ဘာ ၁ ရက်တွင် စတင်မည် အဆိုပါဆေးလက်မှတ်ပြသရမည့် အစီအစဉ်ကို နိုင်ငံအတွင်း ဒီဇင်ဘာ ၁ ရက်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံအတွင်း လူအများအပြား တက်ရောက်မည့် အခမ်းအနားများသို့ တက်ရောက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်တင်ပြရန် တာဝန်ရှိသူများက တောင်းဆိုခဲ့ခြင်းမှာ လက်ရှိအချိန်တွင် ဥရောပဒေသ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ များပြားလာခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး အေဂျင်စီမှ ညွှန်ကြားရေးမှူးချုပ် တက်စ်မက်ဝစ်ဆဲက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယခုချမှတ်လိုက်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်တင်ပြရန် စည်းကမ်းအား နိုင်ငံအတွင်းရှိ အခမ်းအနားကျင်းပသူများ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် လူမှုရေးရာ ဝန်ကြီး လီနာဟယ်လန်ဂရန်က ပြောကြားသည်။

သေဆုံးသူပေါင်း ၁၅၁၀၇ ဦးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံသားများအား နိုဝင်ဘာ ၁ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးအေဂျင်စီက ပြောကြားသည်။ လက်ရှိအချိန်တွင် ဆွီဒင်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁ ဒသမ ၁၈၆ သန်းကျော်ရှိပြီး အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၅၁၀၇ ဦးရှိသည်။

နိုင်ငံအတွင်း လက်ရှိအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးသူပေါင်း ၈၅ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူပေါင်း ၈၁ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ