ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ပြိုင်ပွဲမှ အင်ဒိုနီးရှား နုတ်ထွက်ခဲ့သဖြင့် မြန်မာအပါအဝင် လေးသင်းသာ ယှဉ်ပြိုင်ရမည်

မေ ၃


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် အင်ဒိုနီးရှားအသင်း နုတ်ထွက်ခဲ့သဖြင့် မြန်မာအသင်းအပါအဝင် လေးသင်းသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခင်က အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပရန် စီစဉ်ထားသော်လည်း အင်ဒိုနီးရှားအသင်း နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဗီယက်နမ်၊ ထိုင်း၊ မြန်မာနှင့် မလေးရှားတို့ လေးသင်းသာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မေ ၁၅ ရက်တွင် မလေးရှားအသင်းနှင့် ထိုင်းအသင်း၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ မေ ၁၇ ရက်တွင် ထိုင်းအသင်းနှင့် မြန်မာအသင်း၊ ဗီယက်နမ်အသင်းနှင့် မလေးရှားအသင်း၊ မေ ၁၉ ရက်တွင် မလေးရှားအသင်းနှင့် မြန်မာအသင်း၊ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီးဖူဆယ်ပြိုင်ပွဲပါဝင်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF