ဆီးဂိမ်းပြိုင်ပွဲအတွက် လက်ဝှေ့လူရွေးချယ်ပွဲ ကျင်းပမည်

ရန်ကုန်  ၁   သြဂုတ်

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရန် ရက်ပေါင်း ၁၂၀ သာလိုတော့သည်ဖြစ်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အားကစားနည်း အလိုက်ဝင်ရောက် ယှဉ်ပြိုင်ရန် လူရွေးချယ်ပွဲများကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ စခန်းသွင်းထားသော အားကစားများ နောက်ဆုံးလူရွေးချယ်ပွဲနှင့် အဖွဲ့ချုပ်တံခွန်စိုက် ဖလား လက်ဝှေ့ပြိုင်ကို သြဂုတ်၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏလက်ဝှေ့ အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

“ကျွန်မတို့ဆီးဂိမ်းပြိုင်ပွဲအတွက် အမျိုးသား အမျိုးသမီးနှစ်ဦးစီ ရွေချယ်သွားမယ်။ ကီလိုတန်းကိုပြိုင်ပွဲပြီးမှ သတ်မှတ်မယ်။ ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံတော်ကထောက်ပံ့မယ် မထောက်ပံ့ဘူးဆိုတာ မသိရသေးပါဘူး။ ယခုလောလောဆယ် အဖွဲ့ချုပ်စရိတ်နဲ့ သိရပါတယ်။ ဆီးဂိမ်းပြိင်ပွဲမှာ ကစားသမား ရွှေတံဆိပ်ရရင်တောင် ဆုကြေးချီးမြင့်ဖို့ မရှိသေးပါဘူး” ဟု အဖွဲ့ချုပ်တွဲဘက် အတွင်းရေးမှူး ဒေါ်သန်းသန်းဝင်းက ပြောသည်။ ယင်းပြိုင်ပွဲ၌ စခန်းသွင်းသော အားကစားသမားများနှင့် ကလပ်ဝန်ကြီးဌာန အသင်း ၁၁ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံတော်က ရွေးချယ်ထားသည့် အားကစားနည်း ၁၄ မျိုးတွင် ဝူရှူး၊ ဂျူဒို ဘိလိယက်နှင့် စနူကာ၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ မြားပစ်၊ ဘောလီဘော၊ ဘောလုံးဟော်ကီ၊ ကရာတေး၊ တိုက်ကွမ်ဒို၊ စစ်တုရင်၊  အလေးမ နှင့် ပီတန်းတို့ဖြစ်ကြောင်း သိရသည်။ မပါမဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့် ကစားနည်းနှစ်မျိုးဖြစ်သည့် ပြေးခုန်ပစ်နှင့် ရေကူးတို့ပါဝင်ခဲ့မည် ဆိုလျှင် အားကစားနည်း ၁၆ နည်း ပါဝင်ယှဉ်ပြိုင်ရန် ရှိနေသည်။ ဆီးဂိမ်းအတွက် အားကစားနည်း ၃၈ နည်းကို ရန်ကုန်တွင် ၃၁ နည်း နေပြည်တော်တွင် ၇ နည်း စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ - အာကာစိုး