ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ချီလီနိုင်ငံက လက်ခံရရှိ

 

ဆန်တီရာဂို ဩဂုတ် ၂၉

တရုတ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သည့် ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဩဂုတ် ၂၇ ရက်တွင် ချီလီနိုင်ငံသို့ ပေးပို့ခဲ့သည်ဟု သိရသည်။

ဖေဖော်ဝါရီလမှစတင်ကာ ချီလီနိုင်ငံသို့ ဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး ရောက်ရှိမှုမှာ ၁၆ ကြိမ် ရှိပြီဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။

ချီလီနိုင်ငံသားများအနက် ၉၀ ရာခိုင်နှုန်းမှာ အနည်းဆုံးတစ်ကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ပြီး လူတိုင်း လူတိုင်းကို ကာကွယ်ဆေးထိုးပေးရန် မျှော်မှန်းထားကြောင်း၊ ဩဂုတ် ၃၀ ရက်မှစတင်ကာ အသက် ၁၈ နှစ်နှင့် အထက်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးသွားရန် ဆောင်ရွက်နေကြောင်း၊ ကျန်းမာရေး ဒုတိယဝန်ကြီး ပေါ်လာဒါဇာက ပြောသည်။

ဆင်ဟွာ