ဆီးရီးယားမြောက်ပိုင်း၌ လုံခြုံရေးဇုန်တည်ထောင်ရန် အမေရိကန်နှင့် တူရကီ သဘောတူ

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်  နယ်စပ်လုံခြုံရေးဇုန်ထားရှိရေး ညှိနှိုင်းဆောင်ရွက်ရန်  တူရကီနိုင်ငံ၌ ပူးတွဲစစ်ဆင်ရေးဌာနတစ်ခုဖွင့်လှစ်ရန် အမေရိကန်ပြည်ထောင်စုနှင့် တူရကီနိုင်ငံ သဘောတူညီခဲ့ကြသည်။ 

ယမန်နေ့က တူရကီနိုင်ငံ၏ မြို့တော်ဖြစ်သည့် အန်ကာရာတွင် နှစ်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံမှုများ ပြုလုပ်စဉ် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ကာဒက်ပြည်သူစစ်တပ်ဖွဲ့များက ဆီးရီးယားပြည်တွင်းစစ်အတွင်း အိုင်အက်စ်အဖွဲ့များကို အမေရိကန်နိုင်ငံ၏ အထောက်အပံ့ဖြင့် တိုက်ခိုက်ခဲ့သည်။ ကာဒက်တိုက်ခိုက်ရေးသမားများက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ထိန်းချုပ်ထားလျက်ရှိသည်။ 

အဆိုပါဇုန်အတွင်းသို့ ဆီးရီးယားဒုက္ခသည်များကို ရွေ့ပြောင်းရန် တတ်နိုင်သမျှ အမြန်ဆုံး အဆိုပါ စင်တာကို တည်ထောင်ရန် ၎င်းတို့က သဘောတူညီခဲ့သည်။ 

 

mdn

 

တူရကီနိုင်ငံက ကာဒက်ပြည်သူစစ်အဖွဲ့ကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်သည်။ ယင်းလုံခြုံရေးဇုန် မတည်ထောင်ပါက စစ်ရေးအရ အရေးယူမည်ဖြစ်ကြောင်း တူရကီနိုင်ငံက အမေရိကန်နိုင်ငံသို့ သတိပေးခဲ့သည်။

သမ္မတ အာဆတ်ကို ကြောက်ရွံ့သဖြင့် ဆီးရီးယားဒုက္ခသည် အများအပြားမှာ ဆီးရီးယားနိုင်ငံသို့ ပြန်လိုသော ဆန္ဒမရှိပေ။

တူရကီသမ္မတ ရီဆက်အာဒိုဂန်က လုံခြုံရေးဇုန်အတွင်း ဒုက္ခသည်များ လာရောက်ရန် မျှော်လင့်လျက်ရှိသည်။ 

တူရီကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ ဒုံးကျည် ကာကွယ်ရေးစနစ်ဝယ်ယူပြီးချိန်မှ စပြီး အမေရိကန်ပြည်ထောင်စုနှင့် တူရီကီနိုင်ငံတို့ကြား ဆက်ဆံရေးတင်းမာခဲ့သည်။

ကိုးကား-အန်အိတ်ကေ
ဘာသာပြန်-မေဇော်ထက်