ဆီးရီးယားမြေမှာ အနိုင်ရသူဖြစ်လာတဲ့ ရုရှား

၁ နိုဝင်ဘာ

လက်ရှိဖြစ်ပေါ်နေတဲ့ ဆီးရီးယားအရေးမှာ ဆုံးရှုံးမှုတွေအများအပြားရှိခဲ့ပြီး အနိုင်ရသူဖြစ်လာခဲ့တာကတော့ အင်အားကြီးသူတွေပဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဟာ ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့ ဝင်တွေကို ရုတ်တရက် ရုပ်သိမ်းလိုက်တဲ့အတွက် ပြည်တွင်းမှာရော ပြည်ပမှာပါ ပြင်းထန်တဲ့ဝေဖန်မှုတွေခံနေရစဉ်မှာ တူရကီကတော့ ဆီးရီးယားမှာ ကျူးကျော်မှု တွေ လုပ်ဆောင်လာခဲ့တာပါ။ တူရကီက အဲဒီလို လုပ်လိုက်တဲ့အတွက်ကြောင့်လည်း ကာ့ဒ်တွေ သုံးသိန်း လောက် မူလနေရာကနေ ဖယ်ရှားပေးလိုက်ရတဲ့အပြင် အနည်းဆုံးကာ့ဒ် ၂၅၀ အထိ သေဆုံးခဲ့တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့တာပါ။ အခြားတစ်ဖက်မှာတော့ ရုရှားဟာ အခရာကျတဲ့နိုင်ငံ တစ်နိုင်ငံအနေနဲ့ အန်ကာရာ၊ ဒမတ် စကတ်တို့နဲ့အတူ သူ့ရဲ့ လွှမ်းမိုးမှုကို အရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။


တူရကီသမ္မတ အာဒိုဂန်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ဆီးရီးယားမြောက်ပိုင်းကနေ ကာ့ဒ် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်(SDF)အများအပြားကို နှင်ထုတ်ဖို့ သဘောတူညီချက်တစ်ခုကို အောက်တိုဘာ ၂၂ ရက်မှာ ရရှိခဲ့ကြတာဖြစ်ပြီး ရုရှားနဲ့တူရကီ တပ်ဖွဲ့တွေ ဟာ ဆီးရီးယားနယ်စပ်ဒေသမှာ ပူးတွဲကင်းလှည့်မှုတွေ လုပ်ဆောင် လာခဲ့ကြပါတယ်။

ထရန့်ရဲ့ အစိုးရကတော့ မူဝါဒကို ပြောင်းပြန်ဖြစ်အောင် ပြင်ဆင်တဲ့အနေနဲ့ အနာဂတ်ကာလမှာ အိုင်အက်စ်တွေရဲ့ တိုက်ခိုက်မှုကနေ ဆီးရီးယားရေနံမြေတွေကို အကာ အကွယ်ပေးဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၅၀ဝ ခန့်ကို စေလွှတ်မယ်လို့ ကြေညာခဲ့ပါတယ်။ အမှန်တကယ်တော့ သမ္မတထရန့်ဟာ ဆီးရီးယားအစိုးရကို ဆန့်ကျင်ပြီး အရှိန်အဝါကို မြှင့်တင်တဲ့အနေနဲ့ ဆီးရီးယားရေနံမြေကို ထိန်းချုပ်အသုံးပြုဖို့ တောင်းဆိုလာတာဖြစ်ပါတယ်။ ဒမတ်စကတ်နဲ့ မော်စကိုကတော့ အဲဒီရေနံမြေတွေဟာ ဆီးရီးယားအပိုင်ဖြစ်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ လူသိရှင်ကြားစွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

ဝါရှင်တန်ဟာ အခုလက်ရှိဘာတွေလုပ်နေလဲ၊ အမေရိကန်ရဲ့ လက်နက်ကိုင်ထိန်းချုပ်မှုအောက်မှာ ဆီးရီးယားအရှေ့ပိုင်းရှိ ရေနံမြေတွေကို ထိန်းချုပ်ထား ခြင်းဟာ အလွန်ရိုးရှင်းစွာပြောရရင် နိုင်ငံတကာနဲ့ ပတ်သက်တာတွေကို ဓားပြတိုက်တဲ့ အနေအထားဖြစ်နေ တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိုနာရှန်ကော့ဗ်က ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ တူရကီအစိုးရက အမေရိကန် အနေနဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို တစ်ကျော့ပြန်ဖြန့်ကြက် မှာဖြစ်လို့ အမှန်တကယ်သာ အဲဒီလိုလုပ်မယ်ဆိုရင် အာဒိုဂန်ရဲ့ ကျူးကျော်ဝင်ရောက်မှု ပန်းတိုင်ဖြစ်တဲ့ ဆီးရီးယားမြောက်ပိုင်းကနေ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့တွေ အမြန်ဆုံးဖယ်ရှားနိုင်မှာဖြစ်တဲ့အတွက် ကျေနပ်နေခဲ့တာပါ။

ရုရှားကလည်း ခြိမ်းခြောက်မှုတစ်ခုထုတ်ပြန်ခဲ့ပြီး ကာ့ဒ်တွေ မဖယ်ရှားခဲ့ဘူးဆိုရင် ရုရှားတပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တဲ့အပြင် တူရကီတပ်ဖွဲ့တွေ ကလည်း ကာ့ဒ်တွေကို တိုက်ခိုက်မှုတွေလုပ်လာလိမ့်မယ်လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က သတိပေးခဲ့ပါတယ်။

တူရကီဟာ ကာ့ဒ်၊ အစ္စရေး၊ အီရန်နဲ့ အီရတ်စစ်ပွဲအပါ အဝင် နိုင်ငံခြားရေးမူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ အမေရိကန်နဲ့ ကာလကြာရှည်သဘောထားမတိုက်ဆိုင်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆီးရီးယားမှာ အာရပ် နွေဦးအုံကြွမှု ဖြစ်ပြီးနောက်မှာတော့ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချဖို့ဆုံးဖြတ်ခဲ့တဲ့ လက်နက်ကိုင်သူပုန်တွေကို ထောက်ခံတဲ့ ဘုံရည်မှန်း ချက်မှာတော့ အန်ကာရာနဲ့ ဝါရှင်တန်တို့ဟာ သဘော ထားချင်းတိုက်ဆိုင်မှု တူညီခဲ့တာ ဖြစ်ပါတယ်။

သူပုန်တွေဟာ ၂၀၁၅ ခုနှစ်က အာဆတ်ကို ထောက်ခံ ရာမှာ ရုရှားစစ်ဘက်ရဲ့ ကြားဝင် စွက်ဖက်မှုရှိခဲ့ပြီးချိန်မှာတော့ အများလက်ခံနိုင်လောက်တဲ့အထောက်အပံ့တွေရရှိဖို့ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ အာဆတ် အာဏာဆက်လက်တည်နေမယ်ဆိုတာ ရှင်းရှင်း လင်းလင်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အာဒိုဂန်ကတော့ လမ်းကြောင်းပြောင်းလဲပြီး ကာဇက်စတန်မှာ ကျင်းပတဲ့ ရုရှားဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင် လာခဲ့တာဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က အာဒိုဂန်ကို ဆန့်ကျင်တဲ့အာဏာသိမ်း မှုတစ်ခုမှာ အမေရိကန် ပါဝင်ကျူးလွန်ခဲ့တာကို တူရကီ လူမျိုးအများစုက အခိုင်အမာယုံကြည်လာခဲ့ချိန်မှာတော့ အန်ကာရာနဲ့ ဝါရှင်တန်တို့အကြား ဆက်ဆံရေးဟာ ကတောက်ကဆတ် ထပ်မံဖြစ်လာခဲ့တာဖြစ်ပါတယ်။ တူရကီ အစိုးရကတော့ အမေရိကန်မှာ ပြည်နှင်ဒဏ်ပေးခံနေရတဲ့ တူရကီဘာသာရေးခေါင်းဆောင် ဂူလန်အား အာဏာသိမ်း ရန် ကြံစည်မှုဖြင့် တရားစွဲဆိုခဲ့ပါတယ်။

တူရကီဟာ ရုရှားနိုင်ငံလုပ် S-400 ဒုံးကျည် ကာကွယ် ရေးစနစ်ကို ဝယ်ယူခဲ့ပြီး မကြာသေးမီက ဖြန့်ကြက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက ဝါရှင်တန် ကို နာကြည်းမှုတွေဖြစ်ပေါ်စေပါတယ်။ ရုရှား-တူရကီ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခဲ့မှု ပထမ အစိတ် အပိုင်းကလည်း ပြီးစီးသွားခဲ့ပါပြီ။ ဒါ့အပြင် ရုရှားက တူရကီမှာ နျူကလီးယားစွမ်းအင်စက်ရုံ လေးရုံ တည် ဆောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ရုရှားကလည်း အမေရိကန်ကဲ့သို့ အရှေ့အလယ်ပိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ စစ်ဘက်ဆိုင်ရာအကျိုးစီးပွား တွေကို ဆက်လက်လုပ်ဆောင်လာခဲ့ပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ ၎င်းတို့ရဲ့ လက်နက်ထုတ်ကုန်များကို စွမ်းအားမြှင့်တင်ဖို့နဲ့ အမြတ်အစွန်းအတွက် ရောင်းချ ခဲ့ကြတယ်။ အမေရိကန်က ပင်လယ်ကွေ့နိုင်ငံတွေဆီကနေ ရေနံဝယ်ယူနေစဉ်မှာ ရုရှားကလည်း တူရကီ၊ အစ္စရေး ကဲ့သို့သော နိုင်ငံများကို လက်နက်တွေရောင်းချခြင်းနဲ့အတူ ရေနံဈေးနှုန်းများကိုပါ ထိန်းချုပ်ဖို့ တောင်းဆိုခဲ့ပါ တယ်။

တူရကီ ရဲ့ကျူးကျော်ဝင်ရောက်ဖို့အစီအစဉ် သတင်း ထွက်ပေါ်လာချိန်မှာ အလွန်ဒေါသထွက်စရာအဖြစ် ပြသရ မယ့်အစား တူရကီ-ဆီးရီးယားနယ်စပ်မှ အမေရိကန် တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းဖို့ ထရန့်က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ဟာလည်း တူရကီတို့ ကျူးကျော်ဝင် ရောက်ဖို့ မီးစိမ်းပြလိုက်သလို ဖြစ်သွားပါတယ်။

အောက်တိုဘာ ၉ ရက်က တူရကီနဲ့ ဆီးရီးယား တပ်ဖွဲ့ဝင်များဟာနယ်စပ်တစ်လျှောက်စီးနင်း တိုက်ခိုက် ခဲ့ပြီး အဓိကကျတဲ့ ကာ့ဒ်မြို့တွေမှာ ဝိုင်းထားခဲ့ကြပါတယ်။ အာဒိုဂန်က တူရကီနိုင်ငံအတွင်းရှိ ဆီးရီးယား အာရပ်ဒုက္ခသည် နှစ်သန်းကို ဆီးရီးယားနိုင်ငံ မြောက် ပိုင်း စစ်မဲ့ဇုန်သို့ ရွှေ့ပြောင်းဖို့အစီအစဉ်ကို လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ တူရကီက လေ့ကျင့်ပေးထားတဲ့ အစွန်းရောက်ဝါဒီစစ်သွေးကြွတွေက စစ်ရာဇဝတ်မှုတွေ ကို ကျူးလွန်ခဲ့ပြီး အကျဉ်းသားများကို ဖမ်းဆီးကာ သတ် ဖြတ်ခြင်းနဲ့ ရိုက်နှက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ စောင့် ကြည့်လေ့လာသူများက ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမှ ကာ့ဒ်ပြည်သူတွေရဲ့ လူမျိုးနွယ်စုရှင်း လင်းရေးတွေရှိလာလိမ့်မယ်လို့ SDF ဆိုင်ရာခေါင်းဆောင် အက်ဘာဒီက နယူးယောက်တိုင်းမ်ကို ပြောကြားခဲ့ပါ တယ်။ အဲဒီနောက်မှာတော့ အံ့အားသင့်ဖွယ်လှုပ်ရှားမှုတစ်ခု မှာ SDF က မော်စကို၊ ဒမတ်စကတ်တို့နဲ့ သဘောတူညီမှု မြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့တာဖြစ်ပြီး ဆီးရီးယားနဲ့ ရုရှားတပ်ဖွဲ့ဝင်များကလည်း မြောက်ပိုင်းဒေသမှာ အလျင်အမြန်ပဲ တပ်ဖြန့်ချထားခဲ့ကြပါတယ်။

SDF ရဲ့ တပ်ဖြန့်ချထားမှုက တူရကီရဲ့နောက်ထပ် ကျူးကျော်ဝင်ရောက်မှုကို အဟန့်အတားဖြစ်စေမှာ ဖြစ်တယ်လို့ တွက်ချက်ထားပါတယ်။ သမိုင်းကြောင်း အရ အာဆတ်က တောင်းဆိုမှုတွေကို ငြင်းဆန်ခဲ့ပေမယ့် ဒမတ်စကတ်အနေနဲ့ ဆီးရီးယားနိုင်ငံအတွင်းရှိ ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် နိုင်ငံရေးနည်းဖြင့် ပြေငြိမ်းဖို့ရန် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်လိမ့်မယ် လို့လည်း SDF က မျှော်လင့်လျက်ရှိပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာတော့ ဆီးရီးယား အနောက်မြောက်ပိုင်းမှာရှိတဲ့ အမေရိကန်အထူးစစ် ဆင်ရေး တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုတွေလုပ်ဆောင် ခဲ့ပါတယ်။ အဲဒီရလဒ်ကတော့ အိုင်အက်စ်ခေါင်းဆောင် အဘူ ဘာကာအယ်-ဘဂ္ဂဒါဒီ သေဆုံးခဲ့ရတာ ဖြစ်ပါ တယ်။

၎င်းသေဆုံးခဲ့ခြင်းက အဲဒီဒေသမှာ အင်အားကြီး မားတဲ့ လှုပ်ရှားမှုတွေ
ဖြစ်မလာနိုင်တော့ပါဘူး။ ဒါဟာ နည်းဗျူ ဟာဆိုင်ရာအောင်မြင်တဲ့ အကျိုးရလဒ်ပဲဖြစ် ပါတယ်။ ထရန့်ဟာ၂၀၁၆ ခုနှစ် သမ္မတမဲဆွယ်စည်းရုံးရေး ကတိကဝတ်အရ အမေရိကန်တပ်ဖွဲ့ဝင်တွေ အမှန် တကယ် အိမ်ပြန်ရဖို့ လုပ်ဆောင်ခြင်းမရှိခဲ့ဘဲ မဟာမိတ် တွေကို ဒေါသထွက်စေခဲ့ပြီး အမေရိကန်အား အများရဲ့ ယုံကြည်လက်ခံမှုကို ဖျက်ဆီးဖို့အထိ စီမံခဲ့တာဖြစ်ပါ တယ်။

အခြားတစ်ဖက်မှာတော့ ရုရှားက အကွက်ကျကျ ပုံဖော်ကစားသွားနိုင်ခဲ့ပြီး ဒီကနေ့မှာတော့ ရုရှားက တူရကီရဲ့ စွမ်းအင်လိုအပ်ချက်ရဲ့ သိသာတဲ့ဝေစုကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့အပြင် တူရကီသို့ တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၆ သန်း ၇ သန်း စေလွှတ်ခဲ့ပါတယ်။ အဆင့်မြင့်ဒုံးကျည်တွေ ရောင်းချမှုအပြင် တူရကီဟာ ရုရှားနိုင်ငံလုပ် Sukhoi Su-75 နဲ့ Su -35 တိုက်ခိုက်ရေး လေယာဉ်တွေကိုလည်း ဝယ်ယူဖို့ စဉ်းစားဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား-foreign policy
ဘာသာပြန်-အလင်းသစ်