ဆီးရီးယားနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း ၂၀ဦး သေဆုံးဟု လူအခွင့်အရေးအဖွဲ့ထုတ်ပြန်

ဆီးရီးယားနိုင်ငံတွင် အတိုက်အခံအင်အားစုများအား အစိုးရတပ်များက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ်အတွင်း ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် လူပေါင်း ၂၀ဦး သေဆုံးခဲ့ကြောင်း လူအခွင့်အရေးအဖွဲ့က ပြောကြားခဲ့သည်။

 

ယမန်နေ့က ဆီးရီးယားသမ္မတ ဘာရှာ အာလာ အာဆတ်၏ တပ်ဖွဲ့များနှင့်  နှင့်ရုရှားစစ်တပ်တို့က  အိုက်ဒလစ် ပြည်နယ်ရှိမြို့များနှင့်ကျေးရွာများအား ပြင်းထန်သည့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ ဆီးရီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားလိုက်သည်။

 

ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းသည် အစိုးရကို ဆန့်ကျင်သည့်သူများ နေထိုင်ရာ အမာခံနယ်မြေလည်းဖြစ်သည်။

 

ဗုံးပေါက်ကွဲမှုတွင် အများဆုံး သုံးသည့်ဗုံးမှာ လောင်စာဆီဖြင့်လုပ်သည့် ဗုံးများဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

mdn

 

နေရာဒေသအတော်များများတွင် ပျက်စီးမှုများဖြစ်ပေါ်စေနိုင်သဖြင့် ထိုကဲ့သို့သော လက်နက်များ အသုံးပြုခြင်းကို ကုလသမဂ္ဂက ရှုတ်ချခဲ့သည်။

 

ရုရှားနိုင်ငံသည် အာဆတ်၏ အစိုးရကို ထောက်ခံပြီး တူရကီနိုင်ငံသည် အစိုးရကို ဆန့်ကျင့်သည့် တပ်များကို ထောက်ခံလျက်ရှိသည်။

 

၂၀၁၈ခုနှစ် အောက်တိုဘာလကတည်းက အဆိုပါ ပတ်ဝန်းကျင်ရှိဒေသများနှင့် အိုက်ဒလစ်ပြည်နယ်တို့တွင် စစ်မဲ့ဇုန်တစ်ခုကို နှစ်နိုင်ငံအကြား တည်ဆောက်ခဲ့သည်။

 

ဧပြီလကုန်ပိုင်းမှစပြီး ထိုဒေသတွင် ပြင်းထန်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလျက်ရှိပြီး အပစ်အခတ်ရပ်စဲရေးမှာလည်း ပြိုလဲခဲ့သည်။

 

အဆိုပါ ဒေသတွင် ပြီးခဲ့သည် ခုနှစ်လအတွင်းကလည်း အရပ်သား ၁၂၉၄ဦး သေဆုံးခဲ့ပြီး ဆေးဘက်ဆိုင်ရာအဆောက်အဦများ၊ ဈေးများနှင့်ကျောင်းများတွင် အများဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်