ဆီးရီးယားတပ်ဖွဲ့လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွား လူ ၂၀ဝ ကျော် သေဆုံး

၂၈ မေ

ဆီးရီးယားအစိုးရက ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ အတိုက်အခံအင်အားစုများ၏ နောက်ဆုံး အမာခံနယ်မြေကို တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်ခဲ့သဖြင့် ပြီးခဲ့သည့် လကအပြစ်မဲ့အရပ်သား ၂၀ဝ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ဧပြီလနှောင်းပိုင်း နောက်မှစပြီး ကလေး ၄၇ ဦး အပါအဝင် အပြစ်မဲ့အရပ်သား ၂၃၆ ဦး သေဆုံးခဲ့သည့်အပြင် အစိုးရတပ်ဖွဲ့စစ်သား ၂၆၉ ဦး နှင့် အတိုက်အခံတပ်သား ၃၀၉ ဦး သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာ ဗြိတိန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

ဆီးရီးယားသမ္မတ Bashar al-Assad သစ္စာခံတပ်များ၏ တိုက်ခိုက်မှု ရပ်နားရန်အတွက် သူပုန်များထိန်းချုပ်ထားသည့် အနီးအနားရှိဒေသများ နှင့် Idlib ပြည်နယ်တို့တွင် ရုရှားနှင့် တူရကီ တို့သည် ပြီးခဲ့သည့် စက်တင်ဘာလက စစ်မဲ့ဇုန်တစ်ခု တည်ဆောက်ခဲ့သည်။

ရုရှားက ဆီးရီးယားအစိုးရကို ထောက်ခံပြီး တူရကီက အတိုက်အခံအုပ်စုကို ထောက်ခံခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ နှင့် အနောက်အင်အားကြီး နိုင်ငံများက အပစ်အခတ်ရပ်စဲရေး သဘောတူညီရန် နှစ်ဖက်လုံးကို မေတ္တာရပ်ခံထားသည်။

သို့သော်လည်း ဆီးရီးယားအစိုးရက ၎င်း၏တိုက်ခိုက်မှုကို ရပ်တန့်မည့် လက္ခဏာ မရှိကြောင်း နှင့် အတိုက်အခံအုပ်စုများ၏လက်ထဲမှ ဆီးရီးယားနယ်မြေအားလုံးကို ထိန်းချုပ်မှု ပြန်ရရှိရန် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

ရုရှား နှင့် တူရကီတို့အကြား ဆွေးနွေးပွဲတိုးတက်မှု မရှိခဲ့ဖူးကြောင်း ဖော်ပြထားသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို