ဆီးရီးယားတပ်ဖွဲ့ဝင် ၁၈ ဦးကို တူရကီမှ ပြန်လည်လွှဲပြောင်းပေး

mdn

အန်ကာရာ ၂ နိုဝင်ဘာ

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ဖမ်းဆီးရမိသည့် ဆီးရီးယားတပ်ဖွဲ့ဝင် ၁၈ ဦးကို တူရကီနှင့် ရုရှားတို့ ဆွေးနွေးပြီးနောက် ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း အနာဒိုလူသတင်းဌာနက အောက်တိုဘာ ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

 

တူရကီကာကွယ်ရေးဝန်ကြီး ဟူလူစီအကာ က တူရကီသည် ဖမ်းဆီးရမိသည့် ဆီးရီးယားတပ်ဖွဲ့ဝင်များကို ပြန်လည်လွှဲပြောင်းပေးရန် ရုရှားနှင့် ဆွေးနွေးမှုပြုလုပ်နေသည်ဟု အစောပိုင်းက ပြောခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင်များသည် တူရကီက စစ်ဆင်ရေးပြုလုပ်နေသည့် ဆီးရီးယားနိုင်ငံ ရက်စ်အယ်အိုင်းမြို့ အရှေ့တောင်ပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖမ်းမိခဲ့သည့် ဆီးရီးယား တပ်ဖွဲ့ဝင်များတွင် နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် နယ်စပ်ရှိ ကာ့ဒ်များကို ဖယ်ရှားရန် တူရကီတို့သည် အောက်တိုဘာလ အစောပိုင်းတွင် ဆီးရီးယားနိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်ကာ စစ်ဆင်ရေးဆင်နွှဲခဲ့သည်။

 

ဆင်ဟွာ