ဆီးရီးယားတပ်ဖွဲ့ဝင်များ နိုင်ငံတောင်ပိုင်းဒေသတွင် လက်နက်အမြောက်အမြား သိမ်းဆည်းရမိ

ဒမတ်စကတ် စက်တင်ဘာ ၂၆

ဆီးရီးယားတပ်ဖွဲ့သည် အမေရိကန်နှင့် အစ္စရေးနိုင်ငံထုတ် လက်နက်တချို့ပါဝင်သည့် ပမာဏများပြားလှသော လက်နက်များနှင့် ခဲယမ်းမီးကျောက် များကို ယမန်နေ့က ဆီးရီးယားနိုင်ငံ တောင်ပိုင်းဒေသတွင် သိမ်းဆည်းရမိခဲ့ ကြောင်း နိုင်ငံပိုင်ဆာနားသတင်းဌာနတွင် သတင်းဖော်ပြထားသည်။

သိမ်းဆည်းရမိခဲ့သော လက်နက်များသည် အရွယ်အစား မျိုးစုံရှိသော စက်သေနတ်များနှင့် လက်ဖြောင့် ရိုင်ဖယ်သေနတ်များ၊ အမေရိကန် နိုင်ငံထုတ် ရိုင်ဖယ်သေနတ်များနှင့် အစ္စရေးနိုင်ငံထုတ် ဆက်သွယ်ရေး ပစ္စည်းများနှင့် ညကြည့်မှန်ပြောင်းများ ပါဝင်ကြောင်း ဆာနားသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် သိမ်းဆည်းရမိသော လက်နက်များတွင် အရေအတွက်အားဖြင့် နှစ်သိန်းဝန်းကျင်ခန့်ရှိ ဂရက် ဒုံးကျည်များ၊ ဒုံးပစ်လောင်ချာများ၊ ပုံစံမျိုးစုံရှိသော အမြောက်ဆန်များ၊ လက်ပစ်ဗုံးများ ပါဝင်ကြောင်း သိရသည်။

ဆီးရီးယားတပ်ဖွဲ့ဝင်များသည် များစွာသော လက်နက်များကို တောင်ပိုင်း ဒါရာပြည်နယ်နှင့် နိုင်ငံအနှံ့တွင် သူပုန်များ ရှုံးနိမ့်သွားခဲ့ပြီးနောက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံ တောင်ပိုင်းရှိ ဒါရာပြည်နယ်သည် ဆီးရီးယားနိုင်ငံတွင် ရှစ်နှစ်ကြာဆင်နွှဲခဲ့ရသည့် စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် နေရာဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် တွင် ဆီးရီးယားတပ်ဖွဲ့ဝင်များက ဒါရာပြည်နယ် လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့သည့်နောက်ပိုင်းတွင် သူပုန်များကို နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိရာ၌ လက်နက်များအား တွေ့ရှိဆဲဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ