China Myanmar Economic Corridor Office of CECCM (China Enterprises Chamber of Commerce in Myanmar) နေပြည်တော်ရုံးခွဲ ဖွင့်လှစ်

နေပြည်တော် ၁၇ မေ 


China Myanmar Economic Corridor Office of CECCM (China Enterprises Chamber of Commerce in Myanmar) နေပြည်တော်ရုံးခွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Aster Villa Office Building ၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်၊ China Enterprises Chamber of Commerce in Myanmar (CECCM)ဥက္ကဋ္ဌ မစ္စတာ လျိုရင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအောင်ကြည်စိုးတို့ တက်ရောက်ဖွင့်လှစ် ပေးကြသည်။


ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာနိုင်ငံရှိ ၉၉ ရာခိုင်နှုန်းကျော်သော စီးပွားရေးလုပ်ငန်းများသည် MSMEs လုပ်ငန်းများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ ခေတ်မီကုန်ထုတ်လုပ်မှု၊  Green Industry ၊ စက်မှုလယ်ယာ စိုက်ပျိုးရေးနှင့် သက်ဆိုင်သော MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း၊ 

 

1


မြန်မာနိုင်ငံ၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေး၊ နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ အခက်အခဲများ တည်ရှိနေသေးကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အလမ်းကောင်းများ ရရှိရေးအတွက် တရုတ်နိုင်ငံဘဏ်များမှလည်း ကူညီထောက်ပံ့မှုများပေးစေလိုကြောင်း အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။


ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမစ္စတာ ဟုန်လျန်က နေပြည်တော် ရုံးခွဲဖွင့်လှစ်နိုင်ခြင်းသည် တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် မြန်မာ-တရုတ် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အစိုးရ သက်ဆိုင်ရာဌာနများအကြား ဆက်သွယ်ရေး၊ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် များစွာအထောက်အကူ ပြုနိုင်ပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ “Belt and Road”နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတူတကွ တည်ဆောက်မှု မြှင့်တင်ရေးအတွက်လည်း များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။


China Myanmar Economic Corridor Office ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံ လုပ်ငန်းရှင်များ စီးပွားရေးလုပ်ကိုင်ရာတွင် ပွင့်လင်းမြင်သာ စွာနှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကျိုး စီးပွားအတွက် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ China Myanmar Economic Corridor မှတစ်ဆင့် MSDP ၏ Project Bank နှင့် လျှပ်စစ်မီးလုံလောက်မှုရှိရေး၊ လမ်း တံတားများ အဆင့်မြှင့်တည်ဆောက်ရေး၊ ဆက်သွယ်ရေးကဏ္ဍ ပိုမိုမြှင့်တင်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနှင့် နည်းပညာနှင့်သုတေသနဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)

 

1