ဆိပ်ဖြူမြို့  အနော်ရထာတံတား ချဉ်းကပ်လမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား

ဆိပ်ဖြူ  ၄  ဩဂုတ် 

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အနော်ရထာတံတား ချဉ်းကပ်လမ်းတွင် ယနေ့ နံနက် ဝ၀ နာရီ ၄၅ မိနစ်က  မိုးသည်းထန်စွာရွာသွန်းပြီး အရှိန်ပြင်းစွာဖြင့် မောင်းနှင်လာသည့်  ယာဉ်တစ်စီး လမ်းဘေး ကျောက်တိုင် တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကာ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ချောက်မြို့မှ ဆိပ်ဖြူမြို့သို့ ယာဉ်မောင်း မျိုးသီဟန် (၂၃ နှစ်) ချောက်မြို့နယ်နေသူ မောင်းနှင်ပြီး လူ(၅)ဦး လိုက်ပါလာသည့်  MGY 9E/---- မစ်ဆူဗစ်ရှီ ကန်တာအမျိုးအစား မော်တော်ယာဉ်ပေါ်တွင် လူ ၅ ဦး လိုက်ပါလာပြီး ၎င်းတို့အနက် ရန်ကျော် (၂၃ နှစ်)၊ လှိုင်ဘုန်းနိုင် (၂၀ နှစ်) ချောက်မြို့နယ် နေသူတို့မှာ ပြင်းထန်(စိုးရိမ်ရ)ဒဏ်ရာများရှိပြီး ဆိပ်ဖြူ ပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် လှိုင်ဘုန်းနိုင် (၂၀  နှစ်)မှာ သေဆုံးသွားသည်။

 

ရန်ကျော်သည် ပြင်းထန်(စိုးရိမ်ရ) ဒဏ်ရာများရရှိထားသည့်အတွက် ဆိပ်ဖြူမြို့နယ် ပြည်သူဆေးရုံမှ နေပြည်တော် ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ကိုဇွဲ(အညာမြေ)