ဆိပ်ဖြူမြို့နယ် တက္ကသိုလ်ဝင် စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိ

ဆိပ်ဖြူ  ၁၉  ဖေဖော်ဝါရီ  


မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား  ကျောင်းသူများအား စာစစ်ဌာနများ တွင် စာမေးပွဲဖြေဆိုခွင့် ကတ်များကို ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းမှ စတင်ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။


ဆိပ်ဖြူမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန (၉) ခုဖြင့် ဆောင်ရွက်သွာမည်ဖြစ်ပြီး ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူ စာရင်းရှိ အတွင်းဖြေဆို ( ၁၈၉၅) ဦး ၊ ပြင်ပဖြေဆို (၁၇၉၄) ဦး စုစုပေါင်း ဖြေဆိုစာရင်းရှိ (၃၆၈၉ ) ဦးရှိကြောင်း သိရသည်။


၂၀၁၇ -၂၀၁၈ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၈)ခုဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉ တက္ကသိုလ်ဝင် စာမေးပွဲ၌ ဂွေးပင် အထက်တန်းကျောင်း(ခွဲ)ကို စာစစ်ဌာန တိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၉)ခု ရှိမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပချိန်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပညာရေးဌာနမှ ဝန်ထမ်းများနှင့် ဌာဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများများ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပူပေါင်း၍ အစီအမံများချမှတ် ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ ပြောကြား သိရှိရသည်။


စိုးလင်းနိုင်(IPRD)