ဆိပ်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ

ဆိပ်ဖြူ မေ ၂၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ပညာတက်ရောက်သင်ကြားမည့်  ကျောင်သား ကျောင်းသူများကို မေ ၂၆ရက် နံနက်မှစတင်၍ ကျောင်းအပ်လက်ခံခဲ့သည်။

မြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အခြေခံပညာကျောင်း ၁၃၉ ကျောင်း ရှိသည့်အနက် ၈၇ ကျောင်းတွင် ယနေ့ စတင်လက်ခံနေပြီဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေး ပထမနေ့တွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၇၇၃ ဦး၊ အလယ်တန်းအဆင့် ၇၀၉ ဦး၊ အထက်တန်းအဆင့် ၂၄၇ ဦး စုစုပေါင်း ၂၇၂၉ ဦး လာရောက်အပ်နှံပြီး ၃၃ ဒဿမ ၂၃ ရာခိုင်နှုန်း ကျောင်းအပ်လက်ခံနိုင်ခဲ့ကြောင်း ၊ ကျောင်းအပ်နှံသည့်နေ့တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်နှင့် ခဲ့တံများကို တစ်ပါတည်း ထုတ်ပေးလျက်ရှိသလို ကျောင်းအတွက် အခကြေးငွေကောက်ခံခြင်းမရှိဘဲ လက်ခံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။ 

စိုးလင်းနိုင်(ပြန်/ဆက်)