ဆိပ်ဖြူမြို့နယ်တွင် ဘက်ထရီအိုးဖြင့် ငါးရှော့တိုက်ဖမ်းရာမှ ရှော့ဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံး

နေပြည်တော် ၂၅ မတ်

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ အရှေ့ကံတွင်းကျေးရွာတွင် မတ် ၂၄ ရက် နာရီက အမျိုးသားတစ်ဦး ဘက်ထရီဖြင့် ငါးရှော့တိုက်ဖမ်းနေစဉ် ရှော့ဖြစ်ကာ သေဆုံးသွားကြောင်း သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အဆိုပါကျေးရွာနေ လှဆောင် (၅၃)နှစ်ဖြစ်ကြောင်း သိရှိရသောကြောင့် လှဆောင်အား ဆိပ်ဖြူနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား